Myanamr Book Shelf (tar tay)
Myanmar Book Shelf မဖဲဝါရဲ့သွေးကြွေး အပိုင်း(၄) လရောင်၊ စောင်းသံ နဲ့ တောင်ငူဘုရင် ------------------------------------ အံ့ဩစရာပါပဲဗျာ။ ကျုပ်တစ်သက်မှာ အခန်းဆက်မက်တဲ့ အိပ်မက်ဆိုတာ ဒီတစ်ခါပဲ ကြုံဖူးပါတယ်ဗျာ၊ မဖဲငါ ပြောလိုက်သလိုပဲဗျ။ “နင့်အိပ်မက်တွေက မဆုံးသေးပါဘူး၊ ဆက်ပြီးမက်ဦးမှာပါ ” ဆိုတဲ့အတိုင်း ကျုပ် ဆက်မက်ခဲ့တယ်။ ကျုပ်ဆက်ပြီးမက်တဲ့ အိပ်မက်က ဒီလိုဗျို့။ အင်းဝရွှေနန်းရှင်ဟာ နန်းစံသက် နှစ်နှစ်အကြာမှာ ပြည်ကို သိမ်း ပိုက်ခဲ့တယ်။ ရှစ်လကြာ ဝန်းရံပြီးမှ ပြည်ကို ရတာဗျ။ ပြည်ကို သိမ်းပိုက်ပြီး အင်းဝကို ပြန်ရောက်တဲ့အခါ မင်းတရား ကြီးက ကျုပ်တို့တပ်မှူးစက္ကကို ခေါ်ယူတွေ့ဆုံတော်မူတယ်။ တပ်မှူးစက္ကနဲ့ ဘုရင်မင်းမြတ်တို့ လျှို့ဝှက်တွေ့ဆုံပြီးတာနဲ့ တပ်မှူးက ကျုပ်ကို ခေါ်တွေ့တော့တာပဲဗျို့။ တပ်မှူးရဲ့ အိမ်တော်ထဲမှာ ကျုပ်နဲ့ တပ်မှူးနဲ့ နှစ်ယောက်တည်း တွေ့ရတာဗျ။ တပ်မှူးက ပန်းကနုတ်တွေ ဖော်ထားတဲ့ ကုလားထိုင်ကြီးမှာ ထိုင်လို့ဗျ။ ကျုပ်က ကြမ်းပြင်မှာထိုင်ပြီး ခစားရတာပေါ့ဗျာ။ “ဗိုလ်မင်း တာဘေ၊ အခုဆိုရင် မောင်မင်းဟာ သူလျှိုတို့တတ် အပ်တဲ့ အတတ်မျိုးစုံကို တတ်မြောက်ပေပြီ။ ဓားခုတ်၊ လှံထိုး အတတ်တွေ မြင်းစီးတဲ့အတတ်တွေလ...