Posts

Showing posts from June, 2023

တာတေ-Myanmar Book Shelf

Myanmar Book Shelf၁။ရွာမှောက်ခြင်း  -ဆရာတာတေ- ------------------------------------ တန်ခူး ကဆုန်မှာ ကြဲတဲ့နှမ်းက ဝါဆို ဝါခေါင်မှာ နှုတ်ရတယ်ဗျ။ ဝါဆို ဝါခေါင်မှာ ပြန်စိုက်တဲ့ နှမ်းတွေ ပဲတွေက တန်ဆောင်မုန်း နတ်တော်မှာ နှုတ်ရတာပေါ့ဗျာ။ ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုတာ အောက်ပြည် အောက်ရွာကို ပြောတာပေါ့ဗျာ။ တာတေက အညာသားဆိုပေမဲ့ အောက်ပြည်အောက်ရွာ အကြောင်းလည်း သိပါတယ်ဗျ။ မိုးရွာလို့ ရေတွေနောက်နေတဲ့ ချောင်းရိုးမှာ လှေလှော်တဲ့အခါ နီညိုရောင် သပြေသီးမှည့်တွေ ရေထဲမှာ မျောလာတာ တာတေ လှေပေါ်ကနေ ကောက်ခဲ့ဖူးတယ်။ ကြည့်ရင်တော့ စားချင်စရာဗျ။ စားကြည့်တော့ ချဉ်စုပ်နေတာဗျို့။ တာတေတို့ အညာမှာတော့ ဝါဆို ဝါခေါင်မှာလည်း မိုးက သဲသဲ မဲမဲရွာတာ မရှိပါဘူးဗျာ။ ဖြိုးဖြိုးဖျောက်ဖျောက်လောက်ပါပဲ။ ဒီလောက်ရွာ ရင်ပဲ ကျုပ်တို့အညာသားတွေက ကျေနပ်လှပါပြီ။ ယာထွန်လို့လည်း ကောင်းပါ့ ဗျာ။ မြေဆီပေါ်အောင် ထွန်ကြရတာ။ နှမ်းကြဲကြဲ ပဲကြဲကြဲ အောင်ရေရမှအောင်တာဗျ။ ဒီနေ့က ဝါဆိုလပြည့်ကျော် (၁) ရက်လေဗျာ။ ကျုပ်အဘက ကျပ်ကို ငွေတွင်းကုန်း လွှတ်လိုက်တာဗျ။ ငွေတွင်းကုန်းက ဘိုးငွေတိုးဆီမှာ နှမ်းမျိုးတွေ သွားသယ်ခိုင်းတာလေဗျာ။ ကျုပ်အဘ နွားဖီးကြီးတွေကို လည်...